မိုင်းယောင်း မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ယမန်နေ့က မိုင်းဟန်ဆရာတော်အား နိုင်ငံတော်မှဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အလှူခံကြွရောက်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ဩဝါဒခံယူခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့နှင့်အတူ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဇဋိလအား နိုင်ငံတော်မှဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် အလှူခံကြွရောက်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော်အား သင်္ကန်း၊ သပိတ်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း