လဲချား မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးနှင့် ဝန်ထမ်းများက၊ ၂၀၂၃-၂၀၂၄ (တတိယသုံးလပတ်အတွက်) လဲချားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၅) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၁၅၀၀၀၀) ကျပ် (သုံးဆယ်တစ်သိန်းငါးသောင်းတိတိ) အား ရပ်ကွက်/ကျေးရွာ အတွင်းရှိ ဘိုးဘွားများ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများ ထောက်ပံ့ငွေ ကျပ် ၂၂၉၅၀၀၀ (နှစ်ဆယ့်နှစ်သိန်းကိုးသောင်းငါးထောင်ကျပ်တိတိ) အား လူမှုဝန်ထမ်းဉီးစီးဌာနရုံးတွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)