သရက် မတ် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ ခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂:၃၀)နာရီက သာသနာ့ဗိမာန်တော်ကြီး၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နမောတဿ(သုံးကြိမ်)ရွတ်ဆို၍ ဘုရားကန်တော့ပြီး သရက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသက သြဝါဒမိန့်ကြားပေးခဲ့ပြီး တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်မိ/ရပ်ဖများနှင့် အလှူရှင်များက ယဉ်ကျေးလိမ်မ္မာသင်တန်းဖွင့်လှစ်ရန် လိုအပ်သည်များ ဆွေးနွေကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသည့်သူများက ဆုံးဖြတ်ချက်ချကာ မှတ်တမ်းတင်ခဲ့ပြီး ဗုဒ္ဓသာသနာစိရံတိဌတု(သုံကြိမ်)ရွတ်ဆို ဆုတောင်းကာ အစည်းအဝေး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)