တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တောင်ဥက္ကလာပ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို မတ်လ (၁) ရက်နေ့နံနက် ၁၀ နာရီအချိန်ကစ၍ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၁)၊ အမှတ်(၁၃)ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံးဦးစီးမှူး ဦး‌အောင်ကိုဦး၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၅)ဖွဲ့ ခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်များတွင်  အဆောက်အအုံမှတ်တမ်းတင်ခြင်းကို အဖွဲ့(၅)ဖွဲ့မှ ကွင်းဆင်းကောက်ယူကြကြောင်းသိရသည်။

အဆောက်အအုံမှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ၊ မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)