ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေး သမဝါယမအသင်းသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ပေးအပ်

ဖြူး မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေး သမဝါယမအသင်းသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့် အမှာစကား ပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦသူရဇော်ဇော်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် လယ်ယာမြေ ဥပဒေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးသမဝါယမအသင်းသို့ ကျီးမနိုးအရှေ့ကွင်း၊ ကျီးမနိုးတောင်ကွင်း စုစုပေါင်း (၂)ကွင်း၊ ဦးပိုင်ပေါင်း(၃၄)၊ ဧရိယာပေါင်း (၅၄၅.၂၉)ဧက အတွက် မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လွှဲပြောင်းပေး အပ်ရာ အသင်း၏ကိုယ်စားအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)