သတင်းများ

စေတုတ္တရာမြို့နယ်တွင် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရေးသားပြုစုထားသည် လူငယ်ပညာရပ်ဆိုင်ရာ စာစုဖြစ်သည် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း(၂၀၂၄) ကောက်ယူရေးလက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေ
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်း ကောက်ကြစို့ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄)လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ငါ့သရောက်မြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က(ခွဲ) ဆည်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ အခမ်းအနားအား  အ.ထ.က(ခွဲ)  ဆည်‌ကျေးရွာမှ   အလယ်တန်းအဆင့် ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး
Jan 10,2024
PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် New Blood F.C နှင့် Ranger F.C အသင်းတို့သည် ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး
Jan 10,2024
PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် New Blood F.C နှင့် Ranger F.C အသင်းတို့သည် ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။
ကျိုင်းတုံမြို့ အ.ထ.က (၁) ၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး
Jan 10,2024
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး (Kaeru Caravan) အသိပညာပေး အစီအစဉ်ကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဘုရားဖြူကျေးရွာ အလယ်တန်းကျောင်း၌ နွားနို့တိုက်ကျွေးရေး(School Milk Programme)အစီအစဥ်ဆောက်ရွက်
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဘုရားဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။