မိုင်းဆတ် မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များကို မတ်လ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရောင်ခြည်ဦးစက်သုံးဆီအရောင်းဆိုင်၊ ရွှေဂျိုကာစက်သုံးဆီအရောင်းဆိုင်၊ ဇိအုန်စက်သုံးဆီအရောင်းဆိုင်နှင့် နော်ရှဲစက်သုံးဆီအရောင်းဆိုင်တို့တွင် ရောင်းချသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ အခြင်အတွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးကာ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဆေးဘူး၊ ရေလှောင်ကန်၊ မီးချိတ်၊ မီးကပ်များ ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ရမည့် အရေးပေါ်ဖုန်းနံပါတ်များကို အလွယ်တကူမြင်တွေ့နိုင်သည့်နေရာများတွင် ရေးသားထားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)