ချောင်းသာ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မီးသတ်ဦးစီးဌာနက ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ၆-၃-၂၀၂၄ ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းသာမြို့ မီးသတ်ဦးစီးမှူးဦးချစ်သဲမောင်နှင့် ချောင်းသာနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များ၊ ချောင်းသာမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ချောင်းသာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့တို့မှ အ-ထ-က ချောင်းသာစာစစ်ဌာနရှိ ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
ချောင်းသာမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန တစ်ခုတည်းသာရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)