သတင်းများ

လက်ပံတန်း၌ တောင်သူများအား မတ်ပဲအထွက်ကောင်းမျိုးစံပြစိုက်ကွက် အသိပညာပေးပြသ
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများက ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းပြည့်မီရေး တောင်သူအသိပညာပေး ကွင်းသရုပ်ပြခြင်းကို ကွမ်းခြံကျေးရွာ တောင်သူ ဦးခင်မောင်ဝင်း၏ TBL-9 မတ်ပဲ ၅ ဧက စံပြစိုက်ကွက်၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ယမန်‌‌နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီက နောင်ပကျစ်တောင်ပေါ် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ၁၀ နာရီတွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲ‌တော် စည်ကား သိုက်မြိုက်စွာကျင်းပမည်
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကစိုကျေးရွာ၌ (၂၅)ကြိမ် မြောက် ငွေရတုကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။
ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ဝန်ထမ်းပေါင်းစုံ (GEC)သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားသည့် "လူငယ်များ၏ရွှေရောင်မနက်ဖြန်" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဟုမ္မလင်းမြို့နယ်မှ ဂုဏ်ထူးဆောင်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် စိုက်ပျိုး နည်းပညာပေးသင်တန်းဖွင့်လှစ်
Jan 10,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဟုမ္မလင်းမြို့နယ်မှ ဂုဏ်ထူးဆောင်ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာ ပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။