မိုင်းယု မတ် ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီအခြေခံယဉ်ကျေးလိမ္မာ၊ ကွန်ပျုတာနှင့် အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက နွေရာသီအခြေခံယဉ်ကျေးလိမ္မာ၊ ကွန်ပျုတာနှင့် အားကစားသင်တန်းများအတွက် ကူညီပံ့ပိုးပေးကြသူများ၊ သင်ကြားပြသပေးကြသည့် ဆရာ၊ ဆရာမများတို့ကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းသင်တန်းများကို မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ ရက်သတ္တပတ်(၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပိုချပေးခဲ့ပြီး အဆိုပါသင်တန်းသို့ တက်ရောက်ကြသော Grade-2 မှ Grade-12 တို့မှ ဆုရရှိသည့် ကျောင်းသား ကျောင်သူများကို ဆုများပေးအပ်ချီးမြှင့်ခြင်းနှင့် သင်ကြားပြသပေးကြသည့် ဆရာ၊ ဆရာမများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်