သတင်းများ

မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်
Jan 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
Jan 10,2024
နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကလောမြို့နယ်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Jan 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသည့် “အောင်မြင်ကြွယ်ဝစေကြောင်းနည်းလမ်းကောင်း” စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရေးသားပြုစုထားသည် လူငယ်ပညာရပ်ဆိုင်ရာ စာစုဖြစ်သည် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း(၂၀၂၄) ကောက်ယူရေးလက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေ
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်း ကောက်ကြစို့ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄)လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ငါ့သရောက်မြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 10,2024
မန္တလေးတိုင်းဒေကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က(ခွဲ) ဆည်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ အခမ်းအနားအား  အ.ထ.က(ခွဲ)  ဆည်‌ကျေးရွာမှ   အလယ်တန်းအဆင့် ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။