ပုဗ္ဗသီရိ မတ် ၈
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူအတွင်းဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၁၀၈၁)ဦး၊ ပြင်ပဖြေဆိုသူ (၄၂)ဦး၊ စုစုပေါင်း(၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ(၅)ကျောင်းရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပုဗ္ဗသီရိမြို့နယ်အနေဖြင့် စာစစ်ဌာနငါးခု ဖွင့်လှစ်ထားရှိပြီး အ.ထ.က(၃)၊ အ.ထ.က(၁၃)၊ အ.ထ.က(၂၀)၊ အ.ထ.က ကျည်တောင်ကန်နှင့် အ.ထ.က(အောင်သုခ)ကျောင်းများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)