ရွှေသောင်ယံမြို့ရုံးတွင် စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပတ္တမြားလှံတံ0ဝတ္ထုတိုများ  စာအုပ်ဖြင့်    စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရာ Book Clubအဖွဲ့ဝင်များတက်ရောက်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ  စာဖတ်ဝိုင်းတွင်  (Book Club)   အဖွဲ့ဝင်များမှ "ရေစီးရေလာ" ဆောင်ပါးမှ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။  ဆောင်းပါးတွင်  ရွှံနွံလတာပြင် ပေါ်ရှိရွာတစ်ရွာအကြောင်းနှင့် ရွာတွင်၊ ပုဇွန်၊ ကဏန်း ဒိုင်များ၌  အလုပ်လုပ်ပုံများ ရှည်တံရှည်အိမ်များ ဖြစ်သည့်အတွက်  အိမ်အောက်တွင်     အိမ်အပေါ်မှ ပြုတ်ကျသည့် ဂဏန်းကောင်များအား ကောက်ယူရန်အသင့် ချောင်းမြောင်းနေသော ကလေးများနှင့်  အလုပ်သမားမိဘတို့အကြားရှိ မိဘမေတ္တာအကြောင်းတို့ကိုပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် "မျော်သူ"ဆောင်းပါးမှ လေလွင့်ကလေးငယ်များ၏ စားဝတ်နေရေးဘဝသရုပ်ကို ဗဟုသုတအဖြစ် (Book Club) အဖွဲ့ဝင်များ အချင်းချင်းပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)