မော်လမြိုင်ကျွန်း မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာရှိ တောင်သူ ဦးသိန်းကြွယ်၏ ကွင်းအမှတ် (၁၂၆၈-က)၊ ဦးပိုင်အမှတ် (၃/၉)၊ ဧရိယာ (၆)ဧကတွင် ဆောင်းသီ နှံနေကြာစံပြကွက် ဆင်းရွှေကြာ ၂ စိုက်ပျိုးထား သည့် စိုက်ခင်းစံကွက်ရိတ် သိမ်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင် နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန ဦးစီးအရာရှိ ဦးအောင်မျိုးချစ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူ ဦးသိန်းကြွယ်၏ လယ်မြေ (၆)ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ (၂၆.၅)တင်း ထွက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)