ကြည့်မြင်တိုင် မတ် ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄) ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ကဗျာ၊ ဆောင်ပုဒ်များ ဝေဝေဆာဆာထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)