သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာနှင့်စာ‌ပေရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 20,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်ကဗျာနှင့် စာပေများရေးသားရာတွင် လွယ်ကူစွာရေးသားတတ်စေရန်ရည်ရွယ်၍ ကဗျာနှင့်စာပေရေးသားနည်းသင်တန်းကို ယနေ့နံနက်(၁၁)နာရီအချိန်က  ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေးသီးနှံမျိုးစုံ ဧက(၈၀၀၀)ကျော် လျာထားစိုက်ပျိုး
Mar 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံများလျော့နည်းမှုမရှိစေရေး ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  ဆည်၊ ကန်၊ တူးမြောင်းများအလိုက် နွေသီးနှံများကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ဧက(၈၀၀၀)ကျော် လျာထားစိုက်ပျိုးလျက် သိရှိရသည်။
ရေဦးမြို့နယ်တွင် ကျောင်းသင်ခန်းစာ အထောက်အကူပြု အခြေခံပန်းချီဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်
Mar 20,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသော အခြေခံပညာမူလတန်းအဆင့် ကျောင်းသင်ခန်းစာပါ ပုံများ လွယ်ကူစွာ ဆွဲတတ်စေပြီး နွေရာသီကျောင်းပိတ်ရက်ကာလ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီဆွဲနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းအသင်းသို့ ရေလိုအပ်ချက်ရှိသော နေရာဒေသများ ရေအကူအညီတောင်းနိုင်
Mar 20,2024
ပူပြင်းသောနွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ရေလိုအပ်ချက် ဖြစ်ပေါ်သော နေရာဒေသများအနေဖြင့် မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအသင်းသို့ ရေအကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ကော့သောင်းမြို့တွင် ဖွင့်လှစ်
Mar 20,2024
တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၊ (၁)မိုင် ကြေးနန်းဝင်းခန်းမတွင် ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလုပ်ရှင်နှင့်မန်နေဂျာများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
ဖျာပုံမြို့၌ အစိုးရဓမ္မာစရိယနှင့် နိကာယ်၊ ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံစာဖြေဌာန အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲများ ပြီးမြောက်အောင်မြင်သည့် အရှင်မြတ်တို့အား (၇၅)ကြိမ်မြောက် ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ဖျာပုံမြို့ ဓမ္မဝိနယပထမပြန် တိုက်သစ်ကျောင်းတွင် ကျင်းပသည်။
ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ‌ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံ
Mar 20,2024
ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ‌ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) အား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ချမ်းမြေ့လေးထပ်ဆောင်တွင် ယနေ့နံနက် ၉နာရီမှ စတင်၍ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်အချိန်က အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသို့ သွား​ရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။