ကြံခင်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မနောဖြူစင်ပရဟိတအဖွဲ့မှ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများအား ခြေခံစားသောက်ကုန်များကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်နှင့် ဆိပ်သာကျေးရွာအုပ်စုများသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မနောဖြူစင်ပရဟိအဖွဲ့ ဝင်များက မြို့မရပ်ကွက်နှင့်ဆိပ်သာ ကျေးရွာအုပ်စုများရှိ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများနှင့် ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားများ၏ စာရင်းအား ဆယ်အိမ်မှူး၊ ယာအိမ်မှူးများဖြင့် စနစ်တကျလှူဒါန်းပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရာ ဆင်းရဲနွမ်းပါးအိမ်ထောင်စုနှင့် ဆင်းရဲနွမ်းပါးသက်ကြီးဘိုး/ဘွား စုစုပေါင်း(၃၀)စုအား စားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်ဆန်နှင့် ဆီတစ်ဘူးတို့ကို လက်ဝယ်အရောက်လှူဒါန်းပေးရာ စုစုပေါင်းငွေကျပ်(၂၂၅၉၀၀)ဖိုးကို လှူဒါန်းပေးကြကြောင်း သိရသည်။
အဆိုပါမနောဖြူစင်ပရဟိတအဖွဲ့သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ဆင်းရဲနွမ်းပါး သက်ကြီးဘိုး/ဘွားများ၊ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများနှင့် ငွေကြေးအခက်အခဲကြောင့် ဆေးဝါးကုသရန် လိုအပ်သူများအား လစဉ်လှူဒါန်းပေးခဲ့ရာ ယနေ့လှူဒါန်းမှူသည် (၂၇)ကြိမ်မြောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း မနောဖြူစင်ပရဟိတအဖွဲ့ဝင် ဒေါ်နှင်းချယ်ရီဖြိုး ထံကသိရသည်။
မြို့နယ်(ပြန်/ဆက်)