ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ချမ်းမြသာစည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၁၀လမ်း၊ ၄၄လမ်း×၄၅လမ်းကြားတွင် ယမန်နေ့နံနက် ၆:၃၀ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်စျေးထက် အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။                

ထိုကဲ့သို့ ရောင်းချပေးရာတွင် အများပြည်သူများအတွက် အောက်ပါအခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ဆန် (ဧည့်မထ) တစ်ပြည် ပြင်ပပေါက်ဈေး ၃၂ဝဝ ကျပ်၊ရောင်းချသည့်ဈေး ၂၅ဝဝ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေး ၈၀၀၀ ကျပ်၊ ရောင်းချသည့်ဈေး ၅၅ဝဝ ကျပ်၊ ဝက်သားတစ်ပိဿာ ပြင်ပပေါက်ဈေး ၁၈၀၀၀ ကျပ်၊ရောင်းချသည့်ဈေး ၁၄၀၀၀ကျပ်၊ အမဲသားတစ်ပိဿာ ပြင်ပပေါက်ဈေး ၁၆၀၀၀ ကျပ်၊ ရောင်းချသည့်ဈေး ၁၃၀၀၀ကျပ်၊ ငါး(ငါးမြစ်ခြင်း)တစ်ပိဿာ ပြင်ပပေါက်ဈေး ၇၄၀၀ ကျပ်၊ ရောင်းချသည့်ဈေး ၆၃၀၀ ကျပ်၊ ပုဇွန်ကြား (၁)ပိဿာ ပြင်ပပေါက်ဈေး ၁၆၀၀၀ကျပ်၊ ရောင်းချသည့်ဈေး ၁၃ဝဝဝ ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် ပြင်ပပေါက်ဈေး ၂၀၀၀၀ ကျပ်၊ ရောင်းချသည့် ဈေး၁၈၀ဝဝကျပ်၊ ကြက်သား (၁)ပိဿာလျှင် ပြင်ပပေါက်ဈေး ၁၆၀၀၀ကျပ်၊ ရောင်းချသည့်ဈေး ၁ဝဝဝဝကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ပြင်ပပေါက်ဈေး ၁၅၀၀ကျပ်၊ ရောင်းချသည့်ဈေး၁၂၀၀ ကျပ်၊ ကြက်ဥတစ်လုံး ပြင်ပပေါက်ဈေး ၂၈၀ ကျပ်၊ ရောင်းချသည့်ဈေး ၂၃ဝ ကျပ်၊ ဘဲဥတစ်လုံး ပြင်ပပေါက်ဈေး ၃၅၀ ကျပ်၊ ရောင်းချသည့်ဈေး ၃၂ဝ ကျပ်တို့ဖြင့်လည်းကောင်း၊ အသီးအရွက်များကိုလည်းကောင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ ပြည်သူများ လာရောက်၀ယ်ယူခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့