သင်္ဃန်းကျွန်း မတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက်သို့ သင်္ဃန်းကျွန်းမြို့နယ်မှ စာပေဒါနအလှူရှင် ဒေါ်နုနုရီက သုတစာအုပ် ၂၅ အုပ်ကို ယနေ့ နေ့လယ် (၂) အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre သို့ လာရောက်လှူဒါန်းခဲ့သည်။
နွေရာသီ ကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ စာပေဒါနအလှူရှင် ဒေါ်နုနုရီက မိမိဝယ်ယူစုဆောင်းထားသည့် သုတစာအုပ် ၂၅ အုပ်အား ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လက်ခံရယူခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များ နွေရာသီအားလပ်ချိန်များတွင် သုတ၊ရသစာပေများကို လေ့လာဖတ်ရှုနိုင်ရန်နှင့် ပန်းချီ၊ကဗျာများလေ့လာသင်ကြားနိုင်ရန် စာကြည့်တိုက်များတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ကာတွန်းရေးဆွဲနည်းသင်တန်း၊ ကဗျာစာပေရေးသားနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)