ကျောက်ဆည် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက် လမ်း၊တံတားများ တည်ဆောက်ခြင်း/ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ကျေးရွာချင်း ဆက်လမ်း(၃)လမ်း ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာချင်းဆက်လမ်းများ ပြန်လည်ပြုပြင်ရန်ခြင်းကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့်ကျောက်ဆည်-ငှက္ကတောင်လမ်းတွင် အရှည်(၁.၆၀၉)ကီလိုမီတာလမ်းပိုင်းအား ကတ္တရာ ထပ်ပိုးလွှာခင်းပေးခြင်း၊ မင်းစု-စပ္ပါယ်တော-ရွှေအင်း-ရှင်ငယ်ကျ-မြစ်သားမြို့နယ်စပ်လမ်းတွင်အရှည် (၀.၈၀၅)ကီလိုမီတာလမ်းပိုင်းအား ကျောက်ချောခင်းပေးခြင်း၊ ရွာပုလဲ-အုတ်ဖို-မြေစိုလမ်းတွင် အရှည် (၁.၈၁၁) ကီလိုမီတာလမ်းပိုင်းအား ကျောက်ချောလမ်းခင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကုန်ပစ္စည်းများ သယ်ယူရာတွင်လည်း အချိန်နှင့် ကုန်ကျမှုစရိတ်များ သက်သာစွာဖြင့် သယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
သက်မောင်