ဥတ္တရသီရိ မတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သော ကုတင်(၁၈ဝ)ဆံ့၊ ဥတ္တရသီရိဆေးရုံသို့ သွားရောက်၍ ဆေးရုံ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင်များဖြစ်ကြသော ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မျိုးလင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဌေး၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးလွင်၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ခရိုင်ဦးစီးမှူး ဦးအောင်မြင့်နိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဓါဝင်းထွန်း၊ ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝါဝါညွှန်ရွှေနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဆေးရုံမန်နေဂျာ ဒေါ်မြဝတ်ရည်၊ ဆေးရုံအုပ် ဒေါက်တာဇာခြည်စိုးနှင့် သူနာပြုအုပ် ဒေါ်ယဉ်ယဉ်တို့က ဆေးရုံ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)