သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်းတို့အတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲတက်ရောက်
Mar 21,2024
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်(၁၉)ရက် နေ့လယ်ပိုင်းက မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်ခန်းမတွင် ကျင်းပသည့် မြိတ်မြို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့်စက်မှုဇုန်စီမံကိန်း၊ Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်းတို့အတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့နယ် မကျီးပင်ပု(၄)ရွာ မဏိရတနာအသင်း၏ (ပဉ္စမအကြိမ်)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မကျီးပင်ပု(၄)ရွာ မဏိရတနာအသင်းမှကြီးမှူးဖွင့် လှစ်ခဲ့သည့် (ပဉ္စမအကြိမ်) ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီ အချိန်က မကျီးပင်ပု(အရှေ့)ရွာရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်လှစ်
Mar 21,2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ပူးပေါင်း၍ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကျောက်ဖြူမြို့တွင် ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 21,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ပူးပေါင်းကာ ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။
အုတ်တွင်းမြိုနယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 21,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုနယ်အတွင်းရှိ မီးသတ်တပ်ဖွဲဝင်များ ဉီးဆောင်ပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုးမှုမရှိစေရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြိုပေါ်ရှိ မဲကုန်းရပ်ကွက်အတွင်းသို့ မီးသတ်မော်တော်ယာဉ်ဖြင့်လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အစုအပေါ်အမြတ်ငွေများ ပေးအပ်
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဂျပန်စကားပြောသင်တန်း အရည်အချင်းစစ်ပြိုင်ပွဲကျင်းပ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ဂျပန်စကားပြော သင်တန်းအရည်အချင်းစစ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ကျင်းပပြုလုပ်သည်။
ပြည်မြို့၌ အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ ခရိုင်အဆင့် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Mar 21,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ ခရိုင်အဆင့်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။