ရမည်းသင်း မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ဂျပန်စကားပြော သင်တန်းအရည်အချင်းစစ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များ ကိုယ်ရည်ကိုယ်သွေးများ ထက်မြက်လာစေရန် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အထက(၁)၊မြို့မ အ.ထ.ကကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅) ဦးတို့ကို ဂျပန်စကားပြောသင်တန်းကို (၃)ပတ်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားများ၏ ရေးဖတ် စွမ်းရည်များ တိုးတက်လာစေရန် ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ကြာင်းသိရသည်။
ပြိုင်ပွဲမှဆုရရှိသူများနှင့် အခြေခံပန်းချီနှင့်မော်ဒန်ပန်းချီ ပြိုင်ပွဲများမှ ဆုရရှိသူများကို မတ်လ(၂၂)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။
မြတ်နိုးသူ