ကျောက်ဖြူမြို့တွင် ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကျောက်ဖြူ   မတ်   ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ပူးပေါင်းကာ ကမ္ဘာ့ရေနေ့ (WORLD WATER DAY) အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။

အဆိုပါ (Talk Show)တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်အေးက (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဖြူဖြူဖွေးက  ရေဆိုသည်မှာ သက်ရှိများ  ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် တန်းဖိုးမဖြတ်နိုင်သော သဘာဝသယံဇာတပစ္စည်းဖြစ်ကြောင်း၊ ကမ္ဘာ့မျက်နှာပြင်၏ သုံးပုံနှစ်ပုံကျော်ကို ရေဖြင့် ဖုံးလွမ်းထားကြောင်း၊ ရေကို ရေချို၊ ရေငန်ဟူ၍ (၂)မျိုးခွဲခြားကာ ရေငန်(၉၇)ရာခိုင်နှုန်းရှိပြီး ရေချို (၃) ရာခိုင်နှုန်းနီးပါးမှာ အရည်မပျော်ဘဲတည်ရှိနေသည့် ရေခဲ၊ ဆီးနှင်းများဖြစ်၍ အသုံးပြုနိုင်သည့် ရေချိုပမာဏမှာ (၁)ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပသော ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် ကမ္ဘာ့ကုလသမဂ္ဂအစည်း အဝေးတွင် ကမ္ဘာ့ရေနေ့(WORLD WATER DAY)အား မတ်လ ၂၂ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ဆောင်ပုဒ်တစ်ခုစီကို ပြဌာန်းလျက်ရှိကာ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Leveraging Water For Peace” “ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး” ဖြစ်ပါကြောင်း စသည့် ကမ္ဘာ့ရေနေ့အကြောင်း သိကောင်းစရာများကို ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)