အုတ်တွင်းမြိုနယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

အုတ်တွင်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုနယ်အတွင်းရှိ မီးသတ်တပ်ဖွဲဝင်များ ဉီးဆောင်ပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုးမှုမရှိစေရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြိုပေါ်ရှိ မဲကုန်းရပ်ကွက်အတွင်းသို့ မီးသတ်မော်တော်ယာဉ်ဖြင့်လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတိပေးနှိုးဆော်ရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ခံနိုင်ဝန်ထက် ပိုမိုအသုံးမပြုရေး၊ ထမင်းဟင်းများချက်ပြုတ်ရာ၌ မီးသတိပြုဆောင်ရွက်ရမည့်အချက်များ၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုးများ အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင်သတိထားရမည့် အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များနှင့် နေ့စဉ်မီးဖိုအသုံးပြု စျေးရောင်း ချသူများနှင့် အမှိုက်မီးရှိရာတွင် လိုက်နာရမည့်အချက်များ၊ မီးသတ်ဆေးဘူးများထားရှိစေရေး စသည့်အချက်များ ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက မြိုနယ်မီးသတ်ဉီးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန်လည်း သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဉီးစီးဌာနမှသိရသည်။

မြို့နယ် (ပြန်/ဆက်)