မိတ္ထီလာ မတ် ၂ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မကျီးပင်ပု(၄)ရွာ မဏိရတနာအသင်းမှကြီးမှူးဖွင့် လှစ်ခဲ့သည့် (ပဉ္စမအကြိမ်) ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီ အချိန်က မကျီးပင်ပု(အရှေ့)ရွာရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မဏိရတနာအသင်း နာယကဆရာတော်များ သင်တန်း ဆင်း ဩဝါဒါစကားများမိန့်ကြားကြပြီး အသင်းဥက္ကဋ္ဌ ဦးမောင်မြင့်က သင်တန်းဆင်းအမှာစကားပြော ကြားသည်။ဆက်လက်၍ အမှတ်(၄၅)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ချစ်ချစ်လှ က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းထူးချွန်ရရှိသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
ထို့နောက်သင်တန်းတွင် သတ်မှတ်သင်တန်း ချိန်ပြည့်မီအောင် တက်ရောက်ခဲ့သည့် သင်တန်းသားသင်တန်းသူများအား အလှူရှင်များက လှူဒါန်းသည့် စက်ဘီး ၆ စီးနှင့် လက်ဆောင်ပစ္စည်းများကို ဗလာမပါကံစမ်းမဲများ မဲဖောက်၍ တာဝန်ရှိသူများက ပေးအပ်သည်။
အဆိုပါသင်တန်းကို မတ်လ ၁၁ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ မကျီးပင်ပု(အနောက်)ရွာ၊ မကျီးပင်ပု(အရှေ့)ရွာ၊ မင်းတဲကုန်း၊ တလင်းကုန်း မကျီးပင်ပု(၄) ရွာမှ အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသား သင်တန်းသင်တန်းသူ ၁၉ဝ ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
ချမ်းသာ