သတင်းများ

ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၉)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်က စတင်ပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈) နာရီခွဲ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ
Mar 21,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူ့စစ်ထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ
Mar 21,2024
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အဆိုပါရုံး အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ခဲ့ကြရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် မီးဘေးသတိမူရေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံ နှိုးဆော် ပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Mar 21,2024
ဥပဒေရေးရာအင်္ဂလိပ်စာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာ၌အခြေခံပညာမူလတန်းဆင့်သင် (TOT) လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်းဆင့်သင် (TOT) လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေးခရိုင်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချကြောင်းသိရသည်။