သတင်းများ

မိတ္ထီလာ၌အခြေခံပညာမူလတန်းဆင့်သင် (TOT) လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေး ခရိုင်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်းဆင့်သင် (TOT) လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေးခရိုင်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Mar 21,2024
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Mar 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်တွင် (Mobile Payment) အသုံးပြု၍ ချေးငွေထုတ်ချေးပေး
Mar 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျွဲကူးကျေးရွာအုပ်စု မြောက်လွှတ်ကုန်းကျေးရွာတွင် Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်း အစီအစဉ်ကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၆၀) နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။
ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန် ရုံးဖွင့်ရက် (၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှစတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ (ဆဋ္ဌ)အစည်းအဝေး အခမ်းအနား ကျင်းပ
Mar 21,2024
အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ (ဆဋ္ဌ) အစည်းအဝေး အခမ်းအနားကို မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိ(၄)ထပ်ကျောင်းဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး(၂၈)မြို့နယ်အတွင်းမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။