ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရွှေကျင် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက အနောက်ဘက်ကျေးရွာအုပ်စု၊ ‌‌ဝဲကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းမှ ဦးဆောင်၍ ဝန်ထမ်းများက နွေရာသီကျောင်းပိတ်ရက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များ၊ သုတ/ ရသစာအုပ်များကို ဖတ်ရှုစေရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်‌ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)