ငွေဆောင်မြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ငွေဆောင် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် () နာရီက အမှတ်(၁) ရပ်ကွက်၊ ဟိုတယ်လမ်း၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်မြို့မရဲစခန်း၊ စခန်းမှူး မျိုးဇေမြင့်၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်၊ တည်းခိုခန်းတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား(၇၀) ဦးတို့  တက်ရောက်ကြပြီး သတ်မှတ်ထားသော နေရာများ တွင် နေရာယူကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားကာ ငွေဆောင်ဟိုတယ်ဇုန် ကိုယ်စား Sunny Paradise Hotel မန်နေဂျာ ဦးညီညီအောင်မှ ကျေးဇူးတင်စကား  ပြောကြားခဲ့သည်။ ဆက်လက်ပြီး မင်္ဂလာအချိန်အခါ ကျရောက်သည့်အခါ လမ်းဖွင့်လှစ်မည့် မုခ်ဦးရှေ့၌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်အင်ဂျင်နီယာ  ဦးမင်းကျော်ခိုင်၊ Auteum Palace Hotel, GM ဒေါ်လီလီကြူတို့မှ အဆိုပါ လမ်းသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် အဆိုပါလမ်းသစ်ကြီးအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း၏ အတိုင်းအတာမှာ (၃၀၀×၁၈×၆) ပေဖြစ်ပြီး စုစုပေါင်း (၁၇ ၅၀၄၁၀၀/-) ကျပ် ကုန်ကျခဲ့ပြီး ကုန်ကျစရိတ်များအား BOB ဟိုတယ်၊ Aureum Palace ဟိုတယ် Sunny Paradise ဟိုတယ်၊ ရွှေမင်းသမီးတည်းခိုခန်းတို့မှ အဓိက မတည်ထည့်ဝင် ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များပူးပေါင်း၍ ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြို့တွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရသည်။

R–014(ငွေဆောင်)