မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ မတ်လ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ် () အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ()၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသူများမှ နိုင်ငံတော်အလံအားအလေးပြုခဲ့ကြကာ ကင်းထောက်လူငယ် အစဥ်အသင့်သီချင်းဖြင့် ကင်းထောက်လူငယ်များက အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်ပြီး မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် အ.ထ.က () ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်တို့က ကင်းထောက်လူငယ်သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်သမိုင်းကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ် ကင်းထောက်လူငယ်များ လှုပ်ရှားမှုမှတ်တမ်းအား Projector ဖြင့် ဖွင့်လှစ်ပြသကာ ကင်းထောက်လူငယ်များအား တာဝန်ရှိသူများကဆုတော်ငွေများ ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၉) မြို့နယ်တွင် မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကင်းထောက်သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး၊ နည်းပြ (၆) ဦးတို့ဖြင့် တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြမြဝင်း (ပြန်/ဆက်)