သတင်းများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနာတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Apr 05,2024
ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးစွာရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်စုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁)နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံတွင် စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Apr 05,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့အား ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ပန်းတောင်းမြို့နယ် ပေါ်တော်မူရှင်ဖြူမြတ်စွာ ဘုရားကြီးသို့ လာရောက်ဖူးမြော်
Apr 05,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလင်းထွန်းနှင့်အတူ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် (ဗိုလ်မှူးကြီးငြိမ်း) လိုက်ပါ၍ ယမန်နေ့နေ့လယ်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်သို့ ရောက်ရှိလာရာ ပဲခူးတိုင်းအနောက်ပိုင်း တိုင်းခွဲ သာသနာရေးမှူး ဦးချမ်းငြိမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဝင်း၊ ဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
မုဒုံမြို့၌ အသိပညာပေးနံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်
Apr 05,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန် နံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ
Apr 05,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၁ နာရီက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် လူထုအ​​​ခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပြပွဲများပြုလုပ်
Apr 05,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးသူငယ်များ စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖြတ်ထိုးဉာဏ်များကောင်းမွန်လာစေရန်၊ ရဲဝံ့စွာရှေ့သို့ထွက်၍ ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် စွာ ကျင်းပမည်
Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Apr 05,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။