သတင်းများ

ဘိုကလေးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း စတင်ဖွင့်လှစ်
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၈)နာရီ အချိန်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း (မြို့နယ်အဆင့်)အား စတင်ဖွင့်လှစ်ခဲ့သည်။
မော်လိုက်မြို့နယ်ရုံးတွင် အခြေခံပန်းချီသင်တန်း၌လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား/သင်တန်းသူများအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်း တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာအတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Apr 05,2024
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဧပြီလ(၃)ရက်နေ့က ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြကျေးရွာ အတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ရေဖြူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့၌​ ဒေသထွက်ကြက်မောက် သီးများလှိုင်လှိုင်သီး၍ စျေးကောင်းရရန် မျော်လင့်နေ
Apr 05,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်​ရှိ ဒေသထွက် ကြက်မောက်သီးများ ယခုနှစ် အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြသည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်
Apr 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးကျောင်းတို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် Smart Village စီမံကိန်းကျေးရွာများ သုံးသပ်ဆွေးနွေးပွဲကျင်းပ
Apr 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Smart Village စီမံကိန်း၏ လုပ်ငန်းများနှင့်ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်း
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္တုများကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။