သာကေတမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ဧပြီလ(၄)ရက်နေ့ နံနက် ၇နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင် တန်းများဖြစ်သည့် (ဟော်ကီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ဝူရှူး၊ အခြေခံဘောလုံးသင်တန်း) အားကစားသင်တန်းဆင်းပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုး၀င်း၊ မြို့နယ်အားကစားနှင့် ကာယပညာဆပ်ကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။