ပန်းတောင်း ဧပြီ ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလင်းထွန်းနှင့်အတူ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် (ဗိုလ်မှူးကြီးငြိမ်း) လိုက်ပါ၍ ယမန်နေ့နေ့လယ်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်သို့ ရောက်ရှိလာရာ ပဲခူးတိုင်းအနောက်ပိုင်း တိုင်းခွဲ သာသနာရေးမှူး ဦးချမ်းငြိမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဝင်း၊ ဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးစိုးလင်းထွန်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ပေါ်တော်မူ ရှင်ဖြူမြတ်စွာဘုရားကြီးသို့ လာရောက်ဖူးမြော်ကြပြီး အလှူငွေ (၃)သိန်းကျပ်နှင့် ဉာဏ်တော် (၁)ပေခန့်ရှိ ဘုရားဆင်းတုတော် (၃၅)ဆူတို့အားလှူဒါန်ခဲ့ကြသည်။
ဆက်လက်၍ ပထမပြန်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှု့အားပေး ခဲ့ကြသည်။ ယင်းနောက် မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ထုံးဘိုမြို့ ကိုးဆောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစနှင့် ကြီးကြပ်ဆရာတော်များအား အလှူတော်ငွေ (၆)သိန်းကျပ်နှင့် လှူဘွယ်ပစ္စည်းများအားလှူဒါန်းခဲ့ပြီး အသစ်တည်ထားနေသည့် နဂါးရုံဘုရားအား လှည့်လည်ဖူးမြော်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)