သတင်းများ

ကျေးသီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ အများပြည်သူတစ်ဦးမကျန် စာတတ်မြောက်နိုင်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က ကျေးသီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းနှင့် သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်
Apr 07,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရုံးစာရေးသားနည်းနှင့် သတင်းရေးသားနည်းသင်တန်းကို ဧပြီ(၅)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဧပြီ ၅ ရက်နေ့တွင် ပြည်မြို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ နွေနှမ်း(၃၀၅၄၂)ဧက လျာထားစိုက်ပျိုး
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီနှံဖူလုံပိုလျှံရေး နွေး၊ မိုး၊ ဆောင်း ရာသီအလိုက် စီမံကိန်းများချမှတ်ပြီး လျာထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်  ဆည်၊ ကန်၊ တူးမြောင်းများအလိုက် နွေနှမ်း (၃၀၅၄၂)ဧက  လျာထားစိုက်ပျိုးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်ကြား​​ခြင်းလုပ်ငန်းစတင်ဆောင်ရွက်
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေး စာသင်ဝိုင်းများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် သင်ကြားခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြအခမ်းအနား ကျင်းပ
Apr 07,2024
စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှင်းလင်းဆောင်၌ကျင်းပရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
ပြင်ဦးလွင်မြို့နယ်၌   သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင်  အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုနေသော စာဖြေသံဃာတော်များအား ဆွမ်း၊ ဆေး၊ အချိုရည်များနှင့် န၀ကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ ငယ်၊ မူ) စာမေးပွဲကြီးကို ဧပြီ ၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နေ့လယ် ၁၂ နာရီက စာဖြေသံဃာတော်များအား ဆွမ်း၊ ဆေး၊ အချိုရည်များနှင့် န၀ကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Apr 06,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရ နည်းပညာကောလိပ်(ကျောက်ဖြူ)နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့ပူးပေါင်းကာ  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါနည်းပညာကောလိပ်ရှိ စုဝေးဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။