သထုံ ဧပြီ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့အား ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်တို့၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ ဆီသိုလှောင်ကန်များ တည်ဆောက်ထားရှိမှုအခြေအနေနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်ရေးဆွဲထားရှိမှု အခြေအနေများ၊ စက်သုံးဆီအချိန်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)