လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

လိပ်သို ဧပြီ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၁ နာရီက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဉပဒေဖြင့် ကာကွယ်ပေး၊ အကြမ်းဖက်မှုကိုရှုံ့ချခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ ဖြစ်ပေါ်လာပုံစသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သော  အကြောင်းအရာများပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် အသိပညာပေး Talk Show အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။

ခင်လေးနွယ် (လိပ်သို)