မုဒုံ ဧပြီ ၅
မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန် နံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိဘဝတိုးတက်အောင်မြင်မှု ပန်းတိုင်ကိုရရှိလာစေရန်နှင့် အဆိုးအကောင်း အကျိုးအကြောင်းကို ခွဲခြားနိုင်စေရန်အတွက် စာများများဖတ်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာများပါဝင်သည့် အသိပညာပေး နံရံကပ်ပိုစတာများနှင့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ လူငယ်လူရွယ်များက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)