သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ဆောင်းသီးနှံ ပဲထောပတ်စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့လျက်ရှိ
Apr 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် သနပ္ပင်စုကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာတွင် ဆောင်းသီးနှံ ပဲထောပတ်စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း ငွေသောင်ကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။
စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေး
Apr 07,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ  ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင် မြတ်စွာဘုရာကြီးအတွင်းရှိ ဓမ္မဒူတရောင်ခြည်ဓမ္မာရုံတွင် ယနေ့နံနက်(၁၁)နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။
မုဒုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Apr 07,2024
မွန်ပြည်နယ်၊ မုဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံစေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာရှိ ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော (အလက်တန်း၊ အငယ်တန်း၊ မူလတန်း) သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဝေါအခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် ငရုပ်စိုက်တောင်သူများ ငရုပ်သီးခြောက်ထုတ်ရောင်းချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေရ
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငရုပ်သီးစိုက်ပျိုးတောင်သူများ ငရုပ်သီးအခြောက်ပြန်လည်ရောင်းချချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ရောင်းချနေရပြီး ငရုပ်သီးခြောက်လှောင်ပွဲစားများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 07,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်
Apr 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်းကို ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဖွင့်လှစ်သည်။
အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 07,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။