သတင်းများ

ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Apr 08,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားထားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု” စာအုပ်ဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားတွင် ကျင်းပသည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာအခမ်းအနားသို့ တက်ရောက်
Apr 08,2024
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၁)နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို နယ်လှည့်ကွင်းဆင်းဆောင်ရွက် 
Apr 08,2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၅) အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ(၈၅)ဧက လျားထားစိုက်ပျိုး
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ချည်မျှင်ရှည်ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းကာလများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီး၌ ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့်(၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲ ကျင်းပ
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပူဇော်ပွဲကို ဧပြီလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၆ ရက်နေ့နံနက် (၈)နာရီအချိန်က မြို့ဦး သံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မြဝတီမြို့၌  (၁၃)ကြိမ်မြောက်   နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 08,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအသင်းရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စုသာယာကုန်း နှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်ဖွင့်ပွဲတက်ရောက်
Apr 08,2024
ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဘားအံ-မော်လမြိုင်သာသနာနယ်၊ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်အသစ်ဖွင့်လှစ်ခြင်းနှင့် ဆက်ကပ်ဝတ်ပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သာယာကုန်း(၁) လမ်းရှိ အဆိုပါအသင်းတော်ဗိမ္မာန်တော်အသစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။