သတင်းများ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 06,2024
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ၊ အားကစားဝါသနာရှင်များတက်ရောက်ကြသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံပေး
Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  စတင် ထိုးနှံပေးခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ မြို့သစ်၊တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 06,2024
မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  တာဝန်ရှိသူများ လိုက်ပါကာ ဧပြီ ၄ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ အဆိုပါရုံး အစည်းအဝေးခန်းမ၌  မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တို့မှ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ အမှာစကားပြောကြားသည်။
မိုင်းယောင်းမြို့၌ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်/စာဖတ်ဝိုင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 06,2024
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ/သားများ စာမတတ်သူပပျောက်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ‌စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်း၍ အခြေခံစာတတ်မြောက်ရေး စာသင်/စာဖတ်ဝိုင်းဖွင့်ပွဲ အခမ်းအနားကို မြို့ဝန်ကုန်း (အ.မ. က)တွင် ဧပြီလ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစိုတင်း(၁၃၂) တင်းထွက်ရှိ
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၈၂/၃) ရှိ တောင်သူဦးထွန်းထွန်းဝင်း၏ ကွင်းအမှတ်(၁၃၅၂) နွေစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၇ နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။
မိတ္ထီလာမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း ၁၇ ဝိုင်းစတင်ဖွင့်လှစ်သင်ကြား
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာနယ်မြေများအလိုက် စာသင်ဝိုင်း ၁၇ ဝိုင်းကို ယနေ့ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။