စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေး

စစ်ကိုင်း ဧပြီ ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ  ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင် မြတ်စွာဘုရာကြီးအတွင်းရှိ ဓမ္မဒူတရောင်ခြည်ဓမ္မာရုံတွင် ယနေ့နံနက်(၁၁)နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

ရိက္ခာဆန်များ ထောက်ပံ့ပေးရာတွင် စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျထုတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့ ရပ်ကွက်များရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူ(၉၁၁၂)ဦး၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု (၂၆၆၀) ဦး၊ စုစုပေါင်း (၁၁၇၇၂) တို့အား တစ်ဦးလျှင် (၁) ရက်၊ နို့ဆီဗူး (၂)  ဗူးနှုန်းဖြင့် (၃) လစာအား ထောက်ပံ့ပေးအပ်သွားမည်ရာ ယနေ့တွင်သောတာပန်နှင့်ထုံးဘိုရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွာသူများအား စတင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်များမှ ကျန်ရှိသည့် ယာယီနေရပ်စွန့်ခွာသူများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်