သတင်းများ

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ပေးသွားမည်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​ ထလွန်ကျေးရွာနှင့်သဲအိမ်တမံ​ကျေးရွာတို့တွင်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ၊ပြည်သူများအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။
ပူတာအို၌ (၂၀) ကြိမ်မြောက် မူကြိုဘွဲ့နှင်းနှင့်ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ
Feb 22,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်ကောင်-ဧမာနွေလအေဂျီအသင်းတော်က ကြီးမှူးဖွင့်လှစ်သော ဧမာနွေလမူကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မူကြိုဘွဲ့နှင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၁) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်-ဧမာနွေလအေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) တွင်ကျင်းပသည့် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ တက်ရောက်
Feb 22,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 22,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 22,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူ‌ငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဖြေဆို
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ၂၂ရက်နေ့ကစတင်၍ ဖြေဆို​​လျက်ရှိ​ရာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့က စာမေးပွဲဖြေဆိုခန်းများသို့ သွားရောက်ကာ အနီးကပ်ကြီးကြပ်​ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 22,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။