စစ်ကိုင်း ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိကျော်က မီးခိုးမြူငွေ့ဆိုသည်မှာ၊ မီးခိုးငွေ့ဖြစ်ပေါ်လာသည့် အဓိအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့တွင် အဓိကပါဝင်သောဓာတ်ငွေ့များ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ဖြစ်ပွားချိန် လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း သိကောင်းစရာများကို ဟောပြောပြီး မြို့နယ်သစ်တောဦးစီး ဌာန ဦးစီးမှူး ဦးရဲလွင်ဦးက ထောမီးလောင်ကျွမ်းမှု ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် နယ်စပ်ဖြတ်ကျော်မီးခိုး မြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်