သတင်းများ

ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Feb 22,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာမူလတန်း Grade-5 နှင့် အလယ်တန်း Grade- 9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆိုလျှက်ရှိသည်။
ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 22,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကြီးမှူးကာ လယ်ယာကဏ္ဍစာရင်းအင်း ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရစာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
ပင်လောင်းမြို့နယ်တွင် (နဝမတန်း) Grade-9 နှင့် (ပဥ္စမတန်း) Grade-5 စာမေးပွဲ စတင်ဖြေဆို
Feb 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (နဝမတန်း) Grade-9 နှင့် (ပဥ္စမတန်း) Grade-5 စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိသည်။
မြန်အောင်မြို့နယ် နွေစပါး "ပန်းတိုင်" အထွက်နှုန်းရရှိရေး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းပိတ်ပွဲပြုလုပ်
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု လဟာပေါက်ကျေးရွာ ကွင်းအမှတ် ၂၃၉ ခ၊ ဦးပိုင်အမှတ် ၁၇၈/၅ ဦးသန်းဇော်မိုး၏ လယ်မြေတစ်ဧက၌ ယနေ့ နံနက်က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းပိတ်ပွဲ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်၌ Grade-5 ၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဖြေဆို
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက  စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Feb 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “စာကောင်းပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနား ကျင်းပ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။