သတင်းများ

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 စစ်ဆေးခြင်း စာမေးပွဲစတင်ဖြေဆို
Feb 22,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို Grade-5 (ခရိုင်အဆင့်) စစ်ဆေးခြင်းနှင့် Grade -9 (ပြည်နယ်အဆင့်) စစ်ဆေးခြင်း စာမေးပွဲကို ယနေ့မှစတင်ကာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကွမ်းရွက်ဈေး (၁) ပိသာငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်သူများအဆင်ပြေ
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကွမ်းရွက်ဈေး (၁) ပိဿာငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးနှင့် တောမီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးနှင့် တောမီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ
Feb 22,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ကဝမြို့နယ်၌ မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိသည်။
ပေါက်ခေါင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေး
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ပြည်သူများ၏‌ နေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရွှေကြာပင်ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။