ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ပေးသွားမည်

ဒေးဒရဲ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများမှာ မူလတန်း၊ အလယ်တန်းဆင့် အခြေခံပန်းချီသင်တန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကဗျာ၊ စာစီစာကုံးရေးသားနည်းသင်တန်းများကို ပြင်ပပညာရှင်များက သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၂၆) ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီ အခမဲ့သင်တန်းများ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သိရသည်။

အေဇာလင်း