သတင်းများ

သရက်ချောင်းမြို့နယ်ရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ပတ်သက်သည့် မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတက္ကသိုလ်၌ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Feb 22,2024
ပဲခူးတက္ကသိုလ် CC ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများရှိ (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူ များက နှစ်ဆုံးစာမေးပွဲများကို (ပထမနေ့) အဖြစ် မြန်မာစာဘာသာရပ် စာမေးပွဲများကို ဖြေဆို လျက်ရှိသည်။
ရမည်းသင်းမြို့ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးစေ့ထုတ်လုပ် ခြင်း(၅၀)ဧက ကွင်းသရုပ်ပြသ
Feb 22,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးတို့လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က ရမည်းသင်းမြို့​နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံအတွင်း စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်စိုက်ဧက(၅၀) ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ် (မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု
Feb 22,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဗဟန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 22,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ယမန်နေ့ည​နေပိုင်းက ဗဟန်းမြို့နယ်၏ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
ဓနုဖြူမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် စားသောက်ကုန်များစျေးနှုန်းသက်သာစွာရောင်းချ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် စားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 22,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ၂၀အချိန်က ပေါင်းပင်ဇင်းရပ်ကွက် ရှင်ပင်ကူတော်သစ် မဟာမုနိဘုရား ရတနာသိဒ္ဓိဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။