သတင်းများ

ကျောက်ကြီးမြို့နယ်၌ (Grade-5)နှင့် (Grade-9) စာမေးပွဲများဖြေဆို
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-9)စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကျင်းပပြုလုပ်
Feb 22,2024
မန္တလေး၊အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒေါနဘွားရပ်ကွက်၊ ၁၄×၁၅လမ်းကြား၊ ၆၃×၆၄ လမ်းကြား၊ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းရှိ ကွန်းခိုရာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
ဖြူးမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စု (၃) စုအတွက် အသုံးအဆောင်ပစ္စည်း (၁၆) မျိုးနှင့် တစ်ပတ်စာဆန်ရိက္ခာဖိုးများ သွားရောက်ထောက်ပံ့
Feb 22,2024
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အိမ်ထောင်စု (၃) စု မီးလောင်မှု​ဖြစ်ပွားခဲ့ရာ နစ်နာဆုံးရုံးမှုများအတွက် အထောက်အကူဖြစ်စေရေး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ​ဆေးရုံရပ်ကွက်၊ သရက်ခြံ (၁) လမ်းနှင့် (၇) လမ်းထောင့်တို့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Feb 22,2024
ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က သက္ကောကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့၌ အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများ တနိုင်တပိုင် စိုက်ပျိုးသူများပြားလာ
Feb 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံများအနေဖြင့် မိမိတို့၏ ခြံဝင်းအတွင်းရှိ စိုက်ပျိုးမြေများကို အလဟဿ မဖြစ်စေရန်၊ မီးဖိုချောင်စားရိတ် သက်သာစေရန် အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများကို တနိုင်တပိုင် စိုက်ပျိုးသူများ များပြားလာလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများဖြေဆို
Feb 22,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9) ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိစာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကလေးမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 22,2024
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်သည်။
ကြို့ပင်ကောက်မြို့ အမှတ် ၈၇ သစ်စက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်
Feb 22,2024
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အမှတ် ၈၇ သစ်စက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။